June 2, 2009
- မလွတ်မကျွတ်လရောင်ထဲ
- တစ်ခြမ်းပဲ့နေတဲ့ ညကို
- ကမ္ဘာကြီးက သူ့နှုတ်ခမ်းပေါ်သပ်တင်လိုက်ပုံနဲ့ တူတဲ့
- အလွမ်းတွေ
- ငါ မင်းကို ရွတ်ပြချင်တယ်။
- မင်းနဲ့ပက်သက်လာရင် ငါ့ရဲ့
- ကိုယ်ခံအားက
- အရှုံးထက် ခေါင်းတစ်လုံးပိုနိမ့်နေတတ်တာကို
- ပျော်ဝင်မိလိုက်တဲ့အဆုံး
- ဒီနွေဦးမှာ
- ငါ့ မျှော်လင့်ရွက်ဝါ တွေရဲ့ ဈာပနကို
- မင်း ဘယ်လို သွေးတိုးစမ်းဦးမလဲ။
Posted by ထက်အာကာကျော်. Posted In : ခေတ်မိုးထဏ်