အလွမ်းဟာ တို့နှစ်ယောက်ကြားမှာ
ကြာလေခေတ်စားလာလေဖြစ်နေတဲ့ ဖက်ရှင်။
မင်းပြောခဲ့တာက
ရှင်နဲ့ ကျွန်မ နှလုံးသားက တစ်ခုတည်း လို့။
အဲဒီတော့
တစ်ယောက်ဟာ တစ်ယောက်ရဲ့ အိပ်မက်
တစ်ယောက်ရဲ့ ရင်ဘတ်ဟာ တစ်ယောက် ရဲ့ ခေါင်းအုံး
နှစ်ယောက်စလုံးဟာ ရုပ်ချင်းခွဲလို့ မရအောင်တူတဲ့ မျှော်လင့်ချက်နဲ့
မြစ်တစ်စင်းထဲမှာ စီဆင်းခဲ့ကြပြီ။
မင်းဟာ နွေဦးရဲ့ ကိုယ်သင်းနံ့ နဲ့ ပွင့်နေတဲ့ အလင်း
ငါ ဘယ်အမှောင်မျိုးကိုမှ သွေးမပျက်တော့ဘူး။
ဒါနဲ့ စကားမစပ်
ကော်ဖီ ရင့်ရောင် အရသာကို မြင်မှ
ညက တစ္ဆေတစ်ကောင်ထက် ပိုပို ပြီးခါးလာပြီကွဲ့ ။ ။
Posted by ထက်အာကာကျော်. Posted In : ခေတ်မိုးထဏ်