ဘယ်ကိုသွားမှာလဲ
တောင်တန်းတွေကအိပ်ယာဝင် ပုံပြင်လို
မျက်လုံးထဲမှာ တဖွဲဖွဲ ရွာလို့
တနေ့တနေ့
ခရီးဟာ ငါ့ ဘူတာရုံထဲ ရောက်လာနိုးနဲ့
ထိပ်ထားရေ…
တို့နှစ်ယောက်ရဲ့ မမြင်နိုင်တဲ့ အဝေးလေးထဲကို
နှင်းတွေကမှိုင်းနေအောင်ဝေနေသေးတယ်နော်
ဟောဒီကောင်က
လင်းပနေတဲ့ အလွမ်းတွေနဲ့
မင်းမျက်နှာလေးကို
………………ငေးလို့။ ။
Posted by ထက်အာကာကျော်. Posted In : ခေတ်မိုးထဏ်