July 20, 2009
(၁) မနှင်းဆီဆိုတဲ့ ကြောင်မလေးကို ပန်းဝါတစ်ပွင့် လှီးကျွေးရတယ်။
(၂) သမံတလင်းပေါ် လွတ်ကျသွားတဲ့ ရထားငယ်အော်သံကို ပြန်ကောက်တယ်။
(၃) ၀တ်ရည်ကိုင်းတစ်ကိုင်းကို တနင်္ဂနွေနဲ့ တိုင်းပြီးချိုးပေးရတယ်။
(၄) တစ်ဘ၀လုးံလိမ်းကျံခဲ့သမျှ ရွှံ့စေးလိုကွာကျမယ်မှန်း မသိဘူး။
(၅) အံသြစရာတော့ မဟုတ်ပါ။
(၆) မထားခဲ့ဖို့ ဆိုင်းညှို့တောင်းပန်ရင်း အုန်းလက်နွားလို ကျန်ခဲ့ရသူပါ။
Posted by ထက်အာကာကျော်. Posted In : တာရာမင်းဝေ