နွေရာသီ ရောက်လာတာကိုက စောလွန်းတယ် ...
အဲသည်လောက် မွန်းကြပ်မယ်မှန်း သိခဲ့ရင်
အစကတည်းက ...
အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပါဘူး ...

သစ်ပင်တွေ သွေ့ခြောက်
အသံတစ်သံကို ကြောက်နေရသလိုလို ...
             အချစ်ရေ ... တို့စိတ်နဲ့ တို့ကိုယ်ပဲ
             သစ်ရွက်တွေလိုပဲ အတူကြွေပစ်လိုက်ကြမယ်
             ဘာဖြစ်လို့ ... ခွဲ ... ရ ... မှာ ... လဲ ... ကွယ် ...

မြက်ခင်းတွေ အမြဲစိမ်းနေတာ မြင်ရအောင်
ဘဝကို
ဘောလုံးကွင်းပဲ ဖြစ်လိုက်စေ့ချင်တော့တယ် ...၊
အခုတော့ ...

နွေရာသီ ရောက်လာတာကိုက စောလွန်း
မင်း ... သွားမယ်ဆိုလည်း
စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ ကောင်းတယ် ...။