လမ်းပေါ်မှာ လူတွေတွေ့တိုင်း
လိုက်ပြီး မေးကြည့်ရဦးမယ် ။
“ချစ်တယ်” ဆိုတာ ကိုယ့်ကိုကိုယ်
သတ်သေတဲ့ နည်းတစ်မျိုးလား ...? လို့ ။

ငါက ...
မီးခိုးရောင်ခပ်များများနဲ့ကောင်ပါ
(ဘဝမှာ မှောင်ရတာတွေပဲ များတယ်)
...
လိုအပ်လာရင်မင်းကို
အိပ်မက်တစ်ဆင်စာနဲ့ တင်တောင်းနိုင်တာက လွဲလို့
အရာရာချို့တဲ့
ဘာဆိုဘာမှ မဟုတ်တဲ့ ငနဲပေါ့။

တကယ်ပါ ...
မင်းအတွက်တော့ ငါဟာ
ဘာမှ မဟုတ်ပါဘူး။
...
ဒါပေမယ့် အဲဒီ “ဘာမှမဟုတ်ဘူး” ကိုပဲ
ငါ သေသေချာချာ သိမ်းဆည်းထားတယ်
မင်းကို သတိရတဲ့အခါ
မကြာမကြာ ထုတ် ထုတ်ကြည့်ချင်လို့။

လှောင်ရယ်သံတစ်ဝက်နဲ့
ခါးသက်သက်ပြုံးတတ်တဲ့
ငါရဲ့ချစ်လှစွာသော ကော်ဖီမလေးရေ ...
...
ငါပိုင်ဆိုင်တဲ့ အရာကို
မင်းကို လက်ဆောင် မပေးရက်ခဲ့ပါဘူးကွဲ့။

ငါ့မှာ
မျက်ရည်ခံ မှဲ့တစ်လုံးရှိတယ်။