သစ္စာပန်းများနဲ့ မေလ
Posted by ထက်အာကာကျော် on Monday, July 20, 2009
Under: မောင်ချောနွယ်
တစ်ဘ၀ကဗျာဆရာ
မဟုတ်ခဲ့တာသေချာပြီ။
ဘာတစ်ခုမှမရှိတော့တဲ့ မေလမှာ
နောက်ထပ်ဘာမဆိုပေးလိုက်ရပြန်တဲ့ မေလမှာ
အဆင်မပြေမှုတွေ
အစီအစဉ်ကျနလွန်းတဲ့ မေလမှာ
အလကားရတဲ့ညနေခင်းကတောင်
မထေမဲ့မြင်ပြုခံရသူ မေလမှာ
ဒုက္ခတွေ အဆုပ်လိုက်အဆုပ်လိုက်
ပွင့်အားကောင်းတဲ့ မေလမှာ
အားကြီးဖုန်ထတဲ့ လေပူထဲ
အနှံ့ပြားစီ ပွချင်တိုင်းပွနေ လွင့်နေတဲ့
လဲမှို့တွေလို မေလမှာ
အဆုပ်ပွပွ ညတွေရသူ မေလမှာ
သလိပ်ဖတ်လို့
လမင်းကြီးကို မြင်မိသူ မေလမှာ
အပ်တစ်ဖျားထောက်စရာ မလပ်အောင်ပဲ
ဒဏ်ရာအပြည့်ခန္ခာနဲ့ မေလမှာ
မေလပေါင်းများစွာ ပြန်လည်စုစည်းမိသူ မေလမှာ
အချိန်မှန် အတွင်းလူနာအဖြစ်
တင်ပို့ခံရသူ မေလမှာ
အပ်ဖျားထိပ်တစ်ခုပေါ် ရောက်ခဲ့ပေမယ့်လည်း
ပြန်လည်ကျန်းမာခွင့်မရှိတော့တဲ့ မေလမှာ
အသက်ရှင်တစ်ချက် မရှင်တစ်ချက် မေလမှာ
မေလက မေလကို
အသေသာပြန်ရလိုက်တဲ့ မေလမှာပေါ့။
ချော်ရည်ပူကျိချွဲချွဲ နေ့လယ်စာတွေ
ငမန်းတောင်ဆူးကြမ်းပြင်တွေ
ဆာတေးရီးယန်းမြက်ပင်ရှည်လက်တွေ
လူအဖြစ် သရုပ်ဆောင်ရသူ မေလ
လောဘ ဘရိတ်ဓားပေါ်
တွားသွားသတ္တ၀ါ ဖြစ်ရသူ မေလ
တစ်နေ့ထဲ
သဘောင်္အကြိမ်တစ်ရာ မှောက်ရတဲ့ မေလ
တောအလှူတစ်ခုမှာ
လူချင်းတိုက်မိလို့ မတော်တစ
ပန်းကန်ထဲက ဖိတ်ကျတဲ့
အသားတုံးအကျလေးလောက်မှ မစားရသူ မေလ
မနက်လင်းရင်
ကိုယ့်အသုဘ ကိုယ်ချပြီး
မြို့းကြီးထဲကို ထွက်ခွာသွားရသူ မေလ
သူတစ်ပါးရဲ့ အသုဘမှာ
အစားလိုက်ငိုရတဲ့ ငိုချင်းသည် မေလ
သူကလေးတွေကို မုန့်မ၀ယ်ကျွေးနိုင်လို့
သူ့လက်မောင်းသွေး ဖောက်တိုက်ရရှာသူ မေလ
နေ့ပြန်တိုးတွေ ၀က်အူအစုပ်ခံ ရသူ မေလ
ဘ၀ရဲ့ ဘက်ထရီအခန်းတွေ
တော်တော်များများ ဖျက်ဆီးခံရသူ မေလ
အင်မတန် အကြွေရဲတဲ့ ငုပင်တွေပေါ်
သူ့ အသက်ရှူငွေ့ကလေး
သွားတင်ထားမိတဲ့ မေလပေါ့။
မေလထဲကနေ
အသည်းနှလုံးကို ဆတ်ကနဲ ဆွဲထုတ်ပြီး
ဖဲသမားတစ်ယောက် ဖဲချပ်ကိုဆွဲထုတ်
လက်ဝါးထဲထည့်
ဖြန်းခနဲ ရိုက်ချလိုက်သလိုမျိုး
ရိုက်ချကြည့်လိုက်တဲ့အခါ
မေလရာသီဟန်ဆောင်နေတဲ့ မေလကိုသာ
တွေ့ရတဲ့ မေလပေါ့။
ဖြူစူးတွေလို ခါချလိုက်လို့
ဖြူစူးတွေ အကုန်ကွာကျသွားမယ့်
ဖြူဘ၀ရောက်ပြီ
မေလရာ
ခါချလိုက်ပါ ဆိုရင်တောင်
အကြိမ် နှစ်သိန်း လေးသောင်းခါပါမှ
တစ်ကြိမ်သာ သူ့ဒုက္ခဖြူစူးတွေ ကွာကျနိုင်မယ့် မေလပေါ့။ ။
မဟုတ်ခဲ့တာသေချာပြီ။
ဘာတစ်ခုမှမရှိတော့တဲ့ မေလမှာ
နောက်ထပ်ဘာမဆိုပေးလိုက်ရပြန်တဲ့ မေလမှာ
အဆင်မပြေမှုတွေ
အစီအစဉ်ကျနလွန်းတဲ့ မေလမှာ
အလကားရတဲ့ညနေခင်းကတောင်
မထေမဲ့မြင်ပြုခံရသူ မေလမှာ
ဒုက္ခတွေ အဆုပ်လိုက်အဆုပ်လိုက်
ပွင့်အားကောင်းတဲ့ မေလမှာ
အားကြီးဖုန်ထတဲ့ လေပူထဲ
အနှံ့ပြားစီ ပွချင်တိုင်းပွနေ လွင့်နေတဲ့
လဲမှို့တွေလို မေလမှာ
အဆုပ်ပွပွ ညတွေရသူ မေလမှာ
သလိပ်ဖတ်လို့
လမင်းကြီးကို မြင်မိသူ မေလမှာ
အပ်တစ်ဖျားထောက်စရာ မလပ်အောင်ပဲ
ဒဏ်ရာအပြည့်ခန္ခာနဲ့ မေလမှာ
မေလပေါင်းများစွာ ပြန်လည်စုစည်းမိသူ မေလမှာ
အချိန်မှန် အတွင်းလူနာအဖြစ်
တင်ပို့ခံရသူ မေလမှာ
အပ်ဖျားထိပ်တစ်ခုပေါ် ရောက်ခဲ့ပေမယ့်လည်း
ပြန်လည်ကျန်းမာခွင့်မရှိတော့တဲ့ မေလမှာ
အသက်ရှင်တစ်ချက် မရှင်တစ်ချက် မေလမှာ
မေလက မေလကို
အသေသာပြန်ရလိုက်တဲ့ မေလမှာပေါ့။
ချော်ရည်ပူကျိချွဲချွဲ နေ့လယ်စာတွေ
ငမန်းတောင်ဆူးကြမ်းပြင်တွေ
ဆာတေးရီးယန်းမြက်ပင်ရှည်လက်တွေ
လူအဖြစ် သရုပ်ဆောင်ရသူ မေလ
လောဘ ဘရိတ်ဓားပေါ်
တွားသွားသတ္တ၀ါ ဖြစ်ရသူ မေလ
တစ်နေ့ထဲ
သဘောင်္အကြိမ်တစ်ရာ မှောက်ရတဲ့ မေလ
တောအလှူတစ်ခုမှာ
လူချင်းတိုက်မိလို့ မတော်တစ
ပန်းကန်ထဲက ဖိတ်ကျတဲ့
အသားတုံးအကျလေးလောက်မှ မစားရသူ မေလ
မနက်လင်းရင်
ကိုယ့်အသုဘ ကိုယ်ချပြီး
မြို့းကြီးထဲကို ထွက်ခွာသွားရသူ မေလ
သူတစ်ပါးရဲ့ အသုဘမှာ
အစားလိုက်ငိုရတဲ့ ငိုချင်းသည် မေလ
သူကလေးတွေကို မုန့်မ၀ယ်ကျွေးနိုင်လို့
သူ့လက်မောင်းသွေး ဖောက်တိုက်ရရှာသူ မေလ
နေ့ပြန်တိုးတွေ ၀က်အူအစုပ်ခံ ရသူ မေလ
ဘ၀ရဲ့ ဘက်ထရီအခန်းတွေ
တော်တော်များများ ဖျက်ဆီးခံရသူ မေလ
အင်မတန် အကြွေရဲတဲ့ ငုပင်တွေပေါ်
သူ့ အသက်ရှူငွေ့ကလေး
သွားတင်ထားမိတဲ့ မေလပေါ့။
မေလထဲကနေ
အသည်းနှလုံးကို ဆတ်ကနဲ ဆွဲထုတ်ပြီး
ဖဲသမားတစ်ယောက် ဖဲချပ်ကိုဆွဲထုတ်
လက်ဝါးထဲထည့်
ဖြန်းခနဲ ရိုက်ချလိုက်သလိုမျိုး
ရိုက်ချကြည့်လိုက်တဲ့အခါ
မေလရာသီဟန်ဆောင်နေတဲ့ မေလကိုသာ
တွေ့ရတဲ့ မေလပေါ့။
ဖြူစူးတွေလို ခါချလိုက်လို့
ဖြူစူးတွေ အကုန်ကွာကျသွားမယ့်
ဖြူဘ၀ရောက်ပြီ
မေလရာ
ခါချလိုက်ပါ ဆိုရင်တောင်
အကြိမ် နှစ်သိန်း လေးသောင်းခါပါမှ
တစ်ကြိမ်သာ သူ့ဒုက္ခဖြူစူးတွေ ကွာကျနိုင်မယ့် မေလပေါ့။ ။
In : မောင်ချောနွယ်