မျက်မြင်သက်သေမရှိတဲ့အတွက်
ပင်လယ်က
လှိုင်းကို ငြှိမ်းလိုက်ပြီ။

ဒိထက်ပိုဝေးလည်း
ဒိထက်ပိုမဝေးတော့ပါဘူး။

ဆူးပြွမ်းအတွေးတွေ၊
ဆွေးမြေ့မှုကိုသာဆန့်ထုတ်လို့
ငါကိုယ်တိုင်လည်း
ငါ့အသံထဲ
လွမ်းလွင့်မျောပါနေချိန်ပေါ့။

ဒိထက်ပိုဝေးလည်း
ဒိထက်ပိုမဝေးတော့ပါဘူး

မိုင်ထောင်သောင်း ဝေးလံအရပ်က
ရေနံတွင်း ရွှေနဲ့စိန်ထွက်ရာ မြေကြီးတွေ
ငါ့သီချင်းကို စုပ်ယူကြ၊
အဲဒီ ရနံ့တွေ
လှိုင်းလို တလိပ်လိပ်တက်လာ
အဲဒီ ရနံ့တွေ ငါရိုက်ခွဲလိုက်တယ်၊

ဒိထက်ပိုဝေးလည်း
ဒိထက်ပိုမဝေးတော့ပါဘူး

နှင်းဆီကို ချစ်တက်အောင်သင်ကြားဖို့
စောင်းတွေက
ဆူးကြိုးကို ညှိပေးခဲ့ရတာပေါ့။

တစ်ညနေခင်လုံး
ငါ့ဆီ မှိုင်ငေးနေတဲ့တိမ်တွေ
အလွမ်းတွေ ကျွတ်လွတ်ဖို့
မြှုဆွယ်အားကောင်းကောင်း
ကံတရားလှပတာ လိုချင်ရဲ့၊

ဒိထက်ပိုဝေးလည်း
ဒိထက်ပိုမဝေးတော့ပါဘူး

ကိုယ့်အရိပ်ကိုတောင် မရိပ်မိနိုင်တော့တဲ့
နှင်းနဲ့လောင်ကျွမ်းနေသူ
ဆောင်းလေ
ငါ့  ကို  ရှာ  ဆဲ ။ ။