တိုးတိုးလေးသီထားတဲ့ ညနေခင်းဟာ

လိမ္မော်ရောင် နောက်ခံတီးလုံးနဲ့ပွင့်နေရဲ့။

ငါ

နားကြားလွဲတာသာ မဟုတ်ခဲ့ဘူးဆိုရင်

မင်း ငါ့ကိုချစ်တယ်လို့

အသေအချာပြောခဲ့တယ်။

အခုတော့

တစ်ယောက်တည်း…..

သံပြိုင်အပိုဒ်ကို စိတ်ထဲကပဲ ညည်းလို့။

ရင်ဘတ်ကိုစမ်းကြည့်တော့

နှလုံးခုန်သံဟာ

မင်းဆိုနေကျ သီချင်းဖြစ်နေတယ်။ ။