ဘယ်ကိုသွားမှာလဲ

တောင်တန်းတွေကအိပ်ယာဝင် ပုံပြင်လို

မျက်လုံးထဲမှာ တဖွဲဖွဲ ရွာလို့

တနေ့တနေ့

ခရီးဟာ ငါ့ ဘူတာရုံထဲ ရောက်လာနိုးနဲ့

ထိပ်ထားရေ…

တို့နှစ်ယောက်ရဲ့  မမြင်နိုင်တဲ့ အဝေးလေးထဲကို

နှင်းတွေကမှိုင်းနေအောင်ဝေနေသေးတယ်နော်

ဟောဒီကောင်က

လင်းပနေတဲ့ အလွမ်းတွေနဲ့

မင်းမျက်နှာလေးကို

………………ငေးလို့။   ။