1. မလွတ်မကျွတ်လရောင်ထဲ
  2. တစ်ခြမ်းပဲ့နေတဲ့ ညကို
  3. ကမ္ဘာကြီးက သူ့နှုတ်ခမ်းပေါ်သပ်တင်လိုက်ပုံနဲ့ တူတဲ့
  4. အလွမ်းတွေ
  5. ငါ မင်းကို ရွတ်ပြချင်တယ်။
  1. မင်းနဲ့ပက်သက်လာရင် ငါ့ရဲ့
  2. ကိုယ်ခံအားက
  3. အရှုံးထက် ခေါင်းတစ်လုံးပိုနိမ့်နေတတ်တာကို
  4. ပျော်ဝင်မိလိုက်တဲ့အဆုံး
  1. ဒီနွေဦးမှာ
  2. ငါ့ မျှော်လင့်ရွက်ဝါ တွေရဲ့ ဈာပနကို
  3. မင်း ဘယ်လို သွေးတိုးစမ်းဦးမလဲ။